Back to Tech
Tech • Cloudflare Workers

🤖 VPS မလိုဘဲ Cloudflare Workers ဖြင့် Telegram Bot ရေးနည်း

Yan Naing Lynn 17 Dec 2025 Guide

မင်္ဂလာပါ နည်းပညာချစ်သူများခင်ဗျာ။ သာမန်အားဖြင့် Telegram Bot တစ်ခု Run ဖို့ဆိုရင် Python ရေးတတ်ရမယ်၊ VPS ဝယ်ရမယ်၊ 24/7 Run ထားရမယ်ဆိုပြီး အလုပ်ရှုပ်ပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ Cloudflare Workers ကို အသုံးပြုပြီး၊ ကွန်ပျူတာမှာ Code ရေးစရာမလို၊ VPS ဝယ်စရာမလိုဘဲ Browser (Dashboard) တစ်ခုတည်းနဲ့ Bot တည်ဆောက်နည်းကို မျှဝေပေးသွားမှာပါ။

Cloudflare Workers Bot ရဲ့ အားသာချက်များ
  • ၁၀၀% အခမဲ့: Free plan မှာ request များစွာအသုံးပြုလို့ရပါတယ်။
  • Server မလိုပါ: Server Down မှာ ပူစရာမလိုပါ။
  • အမြန်နှုန်း: Cloudflare Global Network ကြောင့် မြန်ပါတယ်။

🛠️ လိုအပ်ချက်များ


အဆင့် (၁) - Cloudflare Worker တည်ဆောက်ခြင်း

  1. Cloudflare Dashboard ကို ဝင်ပါ။
  2. ဘယ်ဘက် Menu မှ Compute (Workers & Pages) ကို နှိပ်ပါ။
  3. Create ApplicationStart with Hello World!Create Worker ကို နှိပ်ပါ။
  4. Name နေရာမှာ နာမည်ပေးပြီး Deploy ကို နှိပ်ပါ။
Cloudflare Workers Step 1 Cloudflare Workers Step 2 Cloudflare Workers Step 3

အဆင့် (၂) - Code ထည့်သွင်းခြင်း

Worker ဆောက်ပြီးပြီဆိုရင် Edit Code ကို နှိပ်ပါ။ လက်ရှိရှိနေတဲ့ Code ကို အကုန်ဖျက်ပြီး အောက်က code ကို Copy ထည့်ပါ။

export default {
  async fetch(request, env, ctx) {
    if (request.method === "POST") {
      const payload = await request.json();
      if (payload.message) {
        const chatId = payload.message.chat.id;
        const text = payload.message.text;

        // Telegram API URL
        const url = `https://api.telegram.org/bot${env.BOT_TOKEN}/sendMessage`;

        // Reply
        await fetch(url, {
          method: "POST",
          headers: { "Content-Type": "application/json" },
          body: JSON.stringify({
            chat_id: chatId,
            text: `မင်္ဂလာပါ... သင်ရိုက်လိုက်တာက "${text}" ဖြစ်ပါတယ်ခင်ဗျာ။`
          }),
        });
      }
      return new Response("OK");
    }
    return new Response("Bot is running!");
  },
};

ပြီးရင် ညာဘက်အပေါ်က Deploy ကို နှိပ်ပါ။

Edit Code Step

အဆင့် (၃) - Bot Token ထည့်သွင်းခြင်း (Secrets)

Token ကို code ထဲမှာ တိုက်ရိုက်မထည့်ဘဲ Secret အနေနဲ့ ထည့်မယ် (လုံခြုံရေးပိုကောင်း)။

  1. Worker နာမည်ကိုနှိပ်ပြီး Dashboard ဘက်ပြန်သွားပါ
  2. Settings → Variables and Secrets သို့သွားပါ
  3. Add ကိုနှိပ်ပြီး အောက်ပါအတိုင်းဖြည့်ပါ

ပြီးရင် Save and Deploy ကို နှိပ်ပါ။

Adding Secret Token

🔗 အဆင့် (၄) - Webhook ချိတ်ဆက်ခြင်း

Bot နဲ့ Worker ကိုချိတ်ဖို့ Browser မှာ အောက်က URL ကို ပြင်ပြီး Enter ခေါက်ပါ။

https://api.telegram.org/bot<YOUR_TOKEN>/setWebhook?url=<YOUR_WORKER_URL>
ပြင်ဆင်ရန်
1) <YOUR_TOKEN> နေရာမှာ Bot Token ထည့်ပါ။
2) <YOUR_WORKER_URL> နေရာမှာ Worker URL (ဥပမာ https://my-first-bot.yourname.workers.dev) ထည့်ပါ။

Browser မှာ {"ok":true, "result":true, ...} လို့ ပေါ်လာရင် အောင်မြင်ပါပြီ ✅


🎉 စမ်းသပ်ကြည့်ရန်

အခုဆိုရင် Bot ကို Telegram မှာ သွားရှာပြီး စာပို့ကြည့်ပါ။ Bot က ချက်ချင်းပြန်ပါလိမ့်မယ်။