Back to Tech
Tech • Cloudflare Workers

DigitalOcean 60days $200credits free trial account ဖွင့်နည်း

မင်္ဂလာပါခင်ဗျာ 👋 ဒီနေ့တော့ DigitalOcean ထဲမှာ VPS (Droplet) တစ်လုံးကို “လွယ်လွယ်ကူကူ + စနစ်တကျ” ထုတ်ယူနိုင်ဖို့ အဆင့်လိုက်လမ်းညွှန်ပေးသွားပါမယ်။
(VPS ရပြီးသွားရင် Outline VPN လုပ်မယ်၊ Bot run မယ်၊ Website တင်မယ်… လုပ်စရာတွေ များပြီး အားလုံးအတွက် အခြေခံက ဒီ VPS တစ်လုံးပဲ 😊)

⚡ Quick Goal: Account ဖွင့် → Payment ထည့် → Droplet ထုတ် → SSH နဲ့ဝင် → Done ✅

🧰 ဒီအလုပ်အတွက် လိုအပ်တာတွေ (အသင့်ပြင်ထားလိုက်)

  • DigitalOcean account ဖွင့်ဖို့ email တစ်ခု
  • Payment add ဖို့ Card / PayPal / Wallet
  • VPS ထဲဝင်ဖို့ Termius (သို့) SSH App
  • VPN မသုံးဘဲ account ဖွင့်ဖို့ (အောင်မြင်မှုကပိုကောင်းတတ်ပါတယ်)
DigitalOcean ကို ဒီကနေဖွင့်မယ်

🎯 အဆင့် (၁) — DigitalOcean Account ဖွင့်မယ်

အပေါ်က link ကနေဝင်ပြီး Sign up လုပ်ပါ။ Google နဲ့တန်း login လုပ်လို့ရသလို email/password နဲ့လည်းလုပ်လို့ရပါတယ်။

✅ Tip: Email confirm လုပ်ပြီးသွားရင် Billing ထဲဝင်ပြီး Payment method ထည့်လိုက်တာနဲ့ free trial credits ပေါ်လာတာမျိုးတွေ တွေ့ရပါလိမ့်မယ်။

Payment add လုပ်တဲ့အခါ Card info + address ကို တိတိကျကျ ထည့်ပါ။ (မကိုက်ရင် verify fail တတ်ပါတယ်)


🚀 အဆင့် (၂) — VPS (Droplet) ထုတ်မယ်

Dashboard မှာ Create ကိုနှိပ် → Droplets ကိုရွေးပါ။ အခုဆို “Server ထုတ်မယ့် စတေ့ချ်” ကိုရောက်လာပြီ 😄

  1. Region → ကိုယ့်နားနီးတဲ့ (Latency နည်းတဲ့) နေရာရွေး
  2. OS → Ubuntu 24.04 (အဆင်ပြေ + အသုံးများ)
  3. Size → ကိုယ်သုံးမယ့်အလုပ်အလိုက် (VPN/Website/Bot ဆိုရင် basic တည်းကစ)
  4. Authentication → လွယ်ချင်ရင် Password (သေချာတဲ့ password ထား)
  5. Quantity → တစ်ခါတည်း 2/3 လုံးထုတ်ချင်ရင် အရေအတွက်ရွေး
⚡ ချက်ချင်းမှတ်ထား: Password နဲ့ထုတ်တာ အလွယ်ဆုံး ✅ Security အားကောင်းချင်ရင် နောက်ပိုင်း SSH key ကိုပြောင်းသုံးလို့ရပါတယ်။

အောက်ဆုံးက Create Droplet ကိုနှိပ်လိုက်တာနဲ့ VPS တစ်လုံး “ပေါ်လာပြီ” 🥳


🧑‍💻 အဆင့် (၃) — VPS ကို SSH နဲ့ဝင်မယ်

Termius (သို့) JuiceSSH လို app တစ်ခုဖွင့်ပြီး ဒီအတိုင်းထည့်ပါ —

  • Host: VPS IP Address
  • User: root
  • Password: မင်းသတ်မှတ်ခဲ့တဲ့ VPS password
  • Port: 22
⚠️ သတိ: SSH key နဲ့ထုတ်ထားတဲ့ VPS ဆိုရင် password မဝင်ဘဲ key file နဲ့ပဲဝင်ရပါမယ်။

🎁 အဆင့် (၄) — VPS ရပြီဆိုရင် ဘာတွေ လုပ်လို့ရပြီလဲ?

  • 🔐 Outline Key ထုတ်ပြီး ကိုယ့် VPN ကို ကိုယ်ပိုင်သုံးမယ်
  • 🤖 Telegram Bot တွေကို 24/7 run မယ်
  • 🌐 Website host မယ် (Knowledge Hub လိုမျိုး)
✅ Result: ဒီအဆင့်ထိရောက်ရင် “VPS Setup Complete” လို့ပြောလို့ရပြီ 🎉

အရင်က post တွေမှာလည်း Outline VPN တည်ဆောက်နည်း (သို့) Bot run နည်း တို့ကိုသွားရောက်လေ့လာနိုင်ပါတယ်။

Video ဖြင့်ကြည့်ရန် (DigitalOcean VPS ထုတ်နည်း)
Go to Telegram