Outline VPN ကို VPS ပေါ်မှာ တည်ဆောက်နည်း

မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Google (Jigsaw) ကနေ ဖန်တီးထားတဲ့ လုံခြုံရေးအမြင့်မားဆုံးနဲ့ Block ခံရနိုင်ခြေအနည်းဆုံး Outline VPN ကို ကိုယ်ပိုင် VPS ပေါ်မှာ တည်ဆောက်နည်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

Outline က Shadowsocks protocol ကို အသုံးပြုထားပြီး သုံးရတာ အရမ်းပေါ့ပါးပါတယ်။


✅ Outline ရဲ့ အားသာချက်များ

  • Easy Setup: Command တစ်ကြောင်းတည်းနဲ့ ရပါတယ်။
  • Manager App: ကွန်ပျူတာကနေ User/Key အသစ်တွေကို စိတ်ကြိုက် ထုတ်ပေးနိုင်ပါတယ်။
  • Strong Privacy: ကိုယ်ပိုင် Server မို့ Data လုံခြုံမှု အပြည့်ရှိပါတယ်။

🛠️ လိုအပ်ချက်များ

  • VPS တစ်လုံး (Ubuntu 20.04 နှင့်အထက်)
  • Termius Software ထဲကို vps server ထည့်ထားရန်
  • Outline Manager Software (PC/Phone အတွက်)
  • outlinemanager.com (account ဖွင့်ထားပါ — Phone သုံးမယ်ဆို)

ဖုန်းထဲက Termius ထဲမှ newhost နာမည်ကြိုက်ရာထည့် (label)

hostname မှာ vps ip ထည့် username မှာ root ထည့် password မှာ vps တည်ဆောက်တုံးက ပေးထားတဲ့ password ထည့်

(ssh key ဖြင့် ထုတ်ထားသော vps များကို key file ဖြင့်ဝင်ရမည်)

Download Outline Manager (Windows)
Download Termius (Windows)
Download Termius (Android)

📥 VPS ကို Update ပြုလုပ်ခြင်း

VPS ထဲဝင်ပြီး ပထမဆုံး Update လုပ်ပေးရပါမယ်။

sudo apt update && sudo apt upgrade -y

အဆင့် (၁) - Docker တပ်ဆင်ခြင်း

Outline Server အလုပ်လုပ်ဖို့အတွက် VPS မှာ Docker ရှိထားဖို့ လိုပါတယ်။ အောက်ပါ Command ကို Run ပေးပါ။

curl -sS https://get.docker.com/ | sh

အဆင့် (၂) 💡 အပိုလက်ဆောင် (Firewall ဖွင့်ခြင်း)

Port ကို ဖွင့်ပေးပါ။

sudo ufw enable
sudo ufw allow 1:65535/tcp
sudo ufw allow 1:65535/udp
sudo ufw status

* အပေါ်စာတွေကို Terminal မှာ တစ်ကြောင်းချင်း (သို့) အကုန် Copy ကူးထည့်ပေးလိုက်ပါ။

အဆင့် (၃) - Outline Server တပ်ဆင်ခြင်း

Docker သွင်းပြီးပြီဆိုရင် Outline install လုပ်ဖို့ အောက်ပါ Command ကို Copy ကူးပြီး Run လိုက်ပါ။

sudo bash -c "$(wget -qO- https://raw.githubusercontent.com/Jigsaw-Code/outline-server/master/src/server_manager/install_scripts/install_server.sh)"

အဆင့် (၄) - Server နှင့် Manager ချိတ်ဆက်ခြင်း

Install ပြီးရင် Terminal မှာ အစိမ်းရောင် output တွေ ပေါ်လာပါလိမ့်မယ်။

  1. { "apiUrl": ... } နဲ့ စတဲ့ အစိမ်းရောင် စာသားအရှည်ကြီးကို Copy ကူးပါ။
  2. Outline Manager ကို ဖွင့်ပါ။
  3. "Set up Outline anywhere" ကို ရွေးပါ။
  4. Terminal က ကူးလာတဲ့ code ကို Paste လုပ်ပြီး "Done" ကို နှိပ်ပါ။

phone မှာလည်း အတူတူ ပါပဲ Outline web manger ထဲ login ဝင်ပြီးရင် Add Server ကိုရွေးချယ်ပြီးလုပ်နိုင်ပါတယ်

Auto Install ကိုရွေးချယ်ပြီးတော့ vps ip ထည့် user root ထည့် password ကို vps တည်ဆောက်တုန်းက ပေးထားတဲ့ ဟာထည့်

အဆင့် (၅) - Key ထုတ်ယူခြင်း (ပြီးပါပြီ)

  • "Add new key" ကို နှိပ်လိုက်တာနဲ့ Key အသစ်တစ်ခု ထွက်လာပါမယ်။
  • Share button လေးကို နှိပ်ပြီး ss:// နဲ့ စတဲ့ Link ကို Outline App မှာ ထည့်သုံးနိုင်ပါတယ်။

video ဖြင့်ကြည့်ရန် Telegram Channel ကိုလည်း Join ထားနိုင်ပါတယ်

Go to Telegram