Profile

မင်္ဂလာပါ... Knowledge Sharing Hub မှကြိုဆိုပါတယ်။

Knowledge Sharing & Tech Journey

မင်္ဂလာပါ။ ကျွန်တော်ကတော့ လက်ရှိ နည်းပညာကမ္ဘာကြီးထဲမှာ ခေတ်စားနေတဲ့ VPS Server Management Telegram Bot Creation Cloudflare Workers ကို စိတ်ဝင်တစား လေ့လာဆည်းပူးနေသူ တစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် မိမိကိုယ်ပိုင် Knowledge Sharing Platform တစ်ခု တည်ဆောက်နိုင်ရန်အတွက် Website Development ကို အဓိကထား လေ့လာနေပြီး၊ Linux Commands နဲ့ Python တို့ကိုပါ တွဲဖက်လေ့လာလျက် ရှိပါတယ်။

အရင်တုန်းကတော့ နည်းပညာနဲ့ပတ်သက်ပြီး ကိုယ်တိုင်လေ့လာမှုလောက်ပဲ ရှိခဲ့ပါတယ်။ အခုလို တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ကျကျန်ခဲ့ဖို့က အရမ်းခဲယဉ်းသွားခဲ့ပါပြီ။ အခုဆိုရင် Coding မသိ၊ Programming မသိတဲ့ ကျွန်တော်တစ်ယောက်ဟာ Gemini AI ကို ထဲထဲဝင်ဝင် အသုံးပြုပြီး Website တစ်ခုကို ကိုယ်တိုင် ဖန်တီးလုပ်ဆောင်နိုင်ခဲ့ပါပြီ။

ဒီ Website ထဲမှာ Sharing လုပ်ထားတဲ့ အကြောင်းအရာတွေဟာ ကျွန်တော်ကိုယ်တိုင် AI ကိုအသုံးပြုပြီး လက်တွေ့စမ်းသပ်အောင်မြင်ပြီးမှ ပြန်လည်မျှဝေထားခြင်း ဖြစ်ပါတယ်။ အားလုံးပဲ သင်ယူမှု၊ လေ့လာမှုတွေကို စဉ်ဆက်မပြတ် လုပ်နိုင်ကြပါစေဗျာ။

ဘယ်ဘက်မှ MENU ကိုနှိပ်ပြီး အဆင်ပြေရာကို ရွေးချယ် စပ်စုနိုင်ပါပြီဗျ။

🙏 ကျွန်တော့ Website ကို လာရောက်လည်ပတ်သူများလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာပြီး ဝါသနာပါရာ အလုပ်များကို အစဉ်တစိုက် လုပ်ဆောင်နိုင်ကြပါစေ၊ လိုအင်ဆန္ဒတွေလည်း အမြန်ဆုံး ပြည့်ဝကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ဗျာ။